Botton page

Saturday, December 26, 2009

နှစ်ပေါင်း ၄၀ ကျော်ကြာပြီးနောက် ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာ ပြန်လည်ထုတ်ဝေခွင့်ပြုမည်

ဒီဇင်ဘာ ၂၈ ၊ ၂၀၁၂၊
နှစ်ပေါင်း ၄၀ ကျော်ကြာ ပုဂ္ဂလိကပိုင် နေ့စဉ်ထုတ် သတင်းစာများ ထုတ်ဝေခွင့်မပြုပဲ ရှိခဲ့ရာမှ လာမည်နှစ် ဧပြီလ ၁ ရက်နေ့မှစတင်၍ ထုတ်ဝေခွင့်ပြုတော့မည်ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဋ္ဌာနမှ ယနေ့နေ့စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။ 
ယင်းကြေညာချက်တွင် ၂၀၁၀ ရွေးကောက်ပွဲဖြင့် တက်လာသည့် အစိုးရသစ် သက်တမ်း ၂ နှစ်ပြည့်မြောက်သည့် လာမည့် ဧပြီလ ၁ ရက်နေ့မှ စတင်ကာ လွတ်လပ်သည့် ပုဂ္ဂလိက သတင်းစာများ ထုတ်ဝေခွင့်ပြုမည်ဖြစ်ကြောင်းနှင့် မြန်မာဘာသာ၊ တိုင်းရင်းသားဘာသာစကား သို့မဟုတ်  နိုင်ငံခြားဘာသာတမျိုးမျိုးဖြင့် ထုတ်ဝေနိုင်ကြောင်း ဖေါ်ပြပါရှိသည်။ 
သတင်းစာ ထုတ်ဝေခွင့်ကို နိုင်ငံသား၊ နိုင်ငံသားပြုခြင်းခံရသူများသာ ချပေးမည်ဖြစ်ကာ နိုင်ငံခြားကုမ္ပဏီသို့မဟုတ် တစ်ဦးချင်းအနေဖြင့် ထုတ်ဝေခွင့်ပြုမည် မဟုတ်သည်ကိုတွေ့ရသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေတွင် သတင်းမီဒီယာနယ်ပယ်၌ ရင်းနှီးမြှုပ်နှံခွင့် ပြုမပြု ဖေါ်ပြထားခြင်းမရှိသော်လည်း နေ့စဉ် ထုတ်သတင်းစာများကို နိုင်ငံခြားသားများအား ခွင့်မပြုကြောင်း ယခုကြေညာချက်အရ သိရှိရသည်။သတင်းစာတိုက်အနေဖြင့် စာနယ်ဇင်း ကျင့်ဝတ်၊ သတင်းစာတိုက်၏ လုပ်ငန်းဆောင်ရွက်ပုံစည်းမျဉ်း (code of conducts) နှင့် သတင်းစာတိုက်၏ အခြေခံလုပ်ဆောင်မှု code of practice တို့ကိုံကြိုတင်ပြင်ဆင်ထားကြရန်လည်း ကြေညာချက်တွင် ဖေါ်ပြထားသည်။ 
နှစ်ပေါင်း ၄၀ ကျော်ကြာ ပုဂ္ဂလိကပိုင် နေ့စဉ်ထုတ် သတင်းစာများ မရှိခဲ့သည့်အတွက် ကျွမ်းကျင်သည့် လူ့စွမ်းအား အရင်းအမြစ်များ ရှားပါးမှုနှင့် တွေ့ကြုံရနိုင်ကြောင်း သတင်းမီဒီယာ နယ်ပယ်မှ ပုဂ္ဂိုလ်များက သုံးသပ်ကြသည်။ 
သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အစိုးရ တက်လာပြီးနောက် ပြည်တွင်း သတင်းမီဒီယာများကို ဖြေလျော့ပေးခြင်း၊ ဆင်ဆာဖြတ်တောက်မှု ရုပ်သိမ်းခြင်း၊ ပြည်ပအခြေစိုက် မီဒီယာများအား ပြည်တွင်းသို့ လာရောက် လုပ်ကိုင်ခွင့်ပြုခြင်း အစရှိသည့် မီဒီယာဖြေလျော့မှုများ လုပ်ဆောင်ခဲ့သည်။ ယင်းတို့အနက် နေ့စဉ် သတင်းစာထုတ်ဝေခွင့်ပြုမည့် ဆုံးဖြတ်ချက်သည် နောက်ဆုံး ဖြေလျော့မှု တစ်ခုဖြစ်သည်။


No comments:

Post a Comment